ကျီခါးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ကျီခါး နို၀င်ဘာ ၁၈

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနရုံး Community Centre ခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း လူစုလူဝေးဖြင့် အသိပညာပေး‌ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ပြည်သူများအနေဖြင့် Online မှတစ်ဆင့် အသိပညာဗဟုသုတ ရရှိစေရန်အတွက် "မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး" ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် ကျီခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးလိန်းမာန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျီခါးမြို့ အုပ်ချုပ်ရေးမှူး  ဦးနေဇာ်အောင်က ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေး စေရန်အတွက် ပြည်သူများ သတိပြုလိုက်နာ ဆောင်ရွက်ရမည့် အကြောင်းအရာများကို လည်းကောင်း၊ ကျီခါးမြို့ မီးသတ်ဦးစီးဌာမှ တာ၀န်ခံလက်ထောက်ဉီးစီးမှူး ဦးကမ်းဆွင်းမုန်က  မီးသတိပြုရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများကို ကိုလည်းကောင်း  အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)