ဇီးကုန်း ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ သာယာဝတီခရိုင် ဇီးကုန်းမြိုနယ်တွင် စိုက်ပျိုးထားသော စပါးမျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ်၊ စိုက်ခင်းဓာတ်မြေဩဇာကြဲပက်နေမှုအား ယနေ့နေ့လည် ၁ နာရီက ကြည့်ရှုအားပေးခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ် လယ်မကျေးရွာအုပ်စု တောင်သူ ဦးလှသိန်းပိုင် ကွင်းအမှတ် (၃၁၈)တွင် စိုက်ပျိုးထားသော မှော်ဘီ(၃) မျိုးစပါးစိုက်ခင်း ၆ ဧက အား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စပါးအထွက်နှုန်းကောင်းစေရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရန်နှင့် အကျိုးတူ ပူးပေါင်း၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရန်ပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် ယူရီးယား ဓာတ်မြေဩဇာ အိတ်(၅၀)အား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့် တောင်သူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
တင့်ဆွေ ပြန်ဆက်