နတ်တလင်း ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၂ နာရီက နတ်တလင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြခတ်ဝါးရုံကျေးရွာ ကုန်ထုတ်လမ်း မြေနီခင်းခြင်းနှင့် မြို့နယ်အတွင်း မြို့သာယာလှပရေးအတွက်တည် ဆောက်ပြီးစီးသွားသော We Love Nattalin ပန်းခြံသို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့ဆေးရုံအတွက် အလှူငွေနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးကြောင်း သိရသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နတ်တလင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာမှ ကြခတ်ဝါးရုံကျေးရွာ ကုန်ထုတ်လမ်းမြေနီခင်း ခြင်းကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ မျိုးစေ့နှင့် မြေဩဇာများပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အတွင်း မြို့သာယာလှပရေးအတွက် တည်ဆောက်ပြီးစီးသွားသော We Love Nattalin ပန်းခြံသို့ကြည့်ရှုစစ်ဆေးခဲ့ပြီး တာ၀န်ရှိ သူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ပြည်သူ့ဆေးရုံ အတွက် ထောက်ပံ့ငွေ (၃၂) သိန်းကျပ်နှင့် ဆေးဝါးပစ္စည်းတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး