မြောက်ဦး ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဟောင်း အစည်းအဝေးခန်းမနှင့် မြို့နယ်ပြည်သူ့ဆေးရုံဟောင်းများရှိ သတ်မှတ်စုရပ်နေရာများထားရှိကာ လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှ ၁၂ ထိလည်းကောင်း၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်ထိ နှစ်ပိုင်းခွဲကာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံ ပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် မြောက်ဦးခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ခရိုင်ဆရာဝန်ကြီး ဒေါက်တာခင်မောင်သန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်း များက တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ်(Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်ထက်သက်ကြီးရွယ်အိုများ၊ ဆရာတော်အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ စေတနာ့ဝန်ထမ်း Volunteer များ၊ တည်းခိုခန်းပိုင်ရှင်များ၊ ဈေးဖွင့်လှစ်ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် အဆိုပါကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်းလျော့ချနိုင်ရန်နှင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွာမှုအား ကာကွယ်တားဆီးနိုင်ရန် အတွက် အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆေးအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက (Sinopharm)ကိုဗစ်-၁၉ ကာကွယ် လာရောက်ဆေးထိုးနှံကြသူများအား ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ် ဆေးထိုးနှံပေးပြီးနောက် (Sinopharm) ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး ယနေ့ဒုတိယအကြိမ်ကာ ကွယ်ဆေးထိုးနှံခြင်းအဖြစ် ရဟန်းရှင်လူပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)