ထန်းတပင်(ရန်ကုန်) သြဂုတ် ၃၁ ရက်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ပထမအပတ်အတွင်း ပထမအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံခဲ့သည့် သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၄င်းတို့၏မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ အဘိုးအဘွားများနှင့် အများပြည်သူများအား ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ်မြောက်အဖြစ် ထန်းတပင်မြို့မအားကစားကွင်းတွင် ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြ သူများကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးတွင်းအောက်စီဂျင် လည်ပတ်မှုနှုန်းတိုင်းတာခြင်းနှင့် ရောဂါအခံရှိမရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကြည့်ရှု့အားပေး ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။
ထန်တပင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအုပ်စုများ အလိုက်စုရပ်များခွဲကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်သလို ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ်လ(၂၉)ရက်နေ့မှ စတင်၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး သြဂုတ်လ ပထမအပတ်အတွင်း ပထမအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပြီးသူ (၃,၁၁၈)ဦး ထိရှိ ကြောင်းလည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)