ရေး ဩဂုတ် ၃၁
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၏ ဒုတိယ(၃)လပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လများအတွက် (၁)လလျှင် ၁၀,၀၀ဝိ/-ကျပ်နှုန်းဖြင့် ကျပ်၃၀,၀၀ဝိ/-တိတိကို ရပ်ကွက်/ ကျေးရွာအုပ်စု (၄၄)အုပ်စုအတွင်းရှိ ဘိုးဘွား (၁,၂၁၀)ဦးအတွက် ငွေကျပ် ၃၆,၃၀၀,၀၀ဝိ/-(ကျပ် သုံးရာခြောက်ဆယ်သုံးသိန်း တိတိ) ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများထံ ပေးအပ်ခဲ့ ကြောင်းသိရသည်။
မြို့နယ်၊ ပြန်/ဆက်