သာစည်မြို့နယ် ကျေးရွာအုပ်စုများ၌ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

သာစည် စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်  ဟံဇားတိုက်နယ် ကျေးရွာအုပ်စုများရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပြီးသောအသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဟံဇား အ.ထ.က ၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်စေရန် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဟံဇားကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာအုပ်စုနှင့် သပြေဝကျေးရွာ အုပ်စုတို့မှ သက်ကြီးဘိုးဘွားများ၊   ရဟန်းသံဃာများအား ဟံဇားအခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိရာ  မိတ္ထီလာ တပ်နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် တပ်နယ်မှူးနှင့်အဖွဲ့သည် ဟံဇားတိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံတက်ရောက်နေသော လူနာများအား အားပေးခြင်း၊ ဆရာဝန်၊ သူနာပြုများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးပြီး တိုက်နယ်ဆေးရုံအတွက် အောက်ဆီဂျင် ၄၀ လီတာအိုး ၅ အိုးဖြည့်ဆည်း ပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။

သာစည်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ပထမအကြိမ် ထိုးနှံရာတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်းသံဃာတော် များနှင့် Volunteer များ အပါအဝင်  စုစုပေါင်း  ၇၀၃၄  ဦး   ထိုးနှံပေးခဲ့ကြောင်းနှင့် ယနေ့အထိ Sinopharm ဒုတိယအကြိမ် ထိုးနှံပြီးသူ  ၄၆၂၈ ဦး ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)