ဝမ်းတွင်း စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ 40l အိုး (အောက်ဆီဂျင်) ဖြည့်ပြီးအိုးအလုံး(၅၀) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်ပြည်သူ့ ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အတွက်ဝယ်ယူခဲ့သော အောက်ဆီဂျင် 40L အိုးများနှင့် အလှူရှင်များမှ လှူဒါန်းသည့် 40L အောက်ဆီဂျင်အိုးများ အနက်မှ ဝမ်းတွင်းမြို့နယ် အတွက် အလုံး(၅၀) (အောက်ဆီဂျင်)ဖြည့်ပြီး အိုးများကို ပေးအပ်လှူဒါန်းခြင်း ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ် ပြည်သူ့ဆေးရုံတွင် ထားရှိကာ အများပြည်သူများအတွက် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ကျော်မိုးဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး တေဇာဖြိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်မောင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကူညီ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌဦးသိန်းအောင်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထားထား၊ သူနာပြုဆရာမကြီး ဒေါ်သန်းသန်းအေးနှင့် တာဝန်ကျဆရာမများ၊ ဆေးရုံဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)