မုံးကိုး စက်တင်ဘာ ၉
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကာကွယ်ဆေးထိုးရန် စုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသက်(၆၅) နှစ်အထက်ရှိ အဘိုးအဖွားများကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အခမဲ့ ဆေးထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံ ပေးရာတွင် မုံးကိုးမြို့အမှတ်(၉၉၁)နည်းဗျူဟာက ဆေးဗိုလ်ကြီး(၃)ဦး၊ ဆေးသူနာပြု(၂)ဦး တို့က ကာကွယ်ဆေးစနစ်တကျထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာ ရောက်ထိုးနှံသူများ အားကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးနှံပေးသည်။
ထို့ပြင် စာရင်းဇယားမှတ်တမ်းရ ယူခြင်းများ ဆောင်ရွက်ခဲ့ပြီးမုံးကိုးမြို့တွင်အသက်(၆၅)နှစ်အထက်အဘိုးအဘွား စုစုပေါင်း (၃၀၀))ဦးအားထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များက လိုအပ်သည့်နေရာများတွင်ပံ့ပိုး ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သန်းဇော်ဦး(မုံးကိုး)