အုတ်တွင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး SINOVAC အားဆက်လက် ထိုးနှံပေး

အုတ်တွင်း   စက်တင်ဘာ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်တွင်ကိုဗစ်-၁၉ကာကွယ် ဆေးထိုး ရန်ဝန် ထမ်းများနှင့်ပြည်သူများ အား ယနေ့နံနက်ပိုင်းကစျေးရပ်ကွက်ရှိ အ.လ.က(စျေး)နှင့် ကြယ်နီ ဆေးပေါ့လိပ်ခုံ၌ ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံများရှိဝန် ထမ်းများ၊ အစိုးရ /ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ/ Volunteerများ၊ စျေးရောင်းချ သူများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်တွင် ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သော SINOVAC အမျိုးအစားဖြစ်ပြီးဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေး လျက်ရှိကြောင်းနှင့်ကာကွယ်ဆေးထိုး နှံပေးခြင်းလုပ်ငန်းများကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနက ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဌာနကဝန် ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်မာ