ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ တော်လတဲ့ကျေးရွာသက်ကြီးဘိုးဘွားများကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ကျေးရွာအတွင်းရှိ အသက်(၈၀)နှစ် အထက်သက်ကြီးဘိုးဘွားများနှင့် နာမကျန်း ဖြစ်သူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဆေးဝါးများနှင့်အာဟာရဖြည့်ဓာတ်စာများ ဝယ်ယူသွားနိုင်ရေး အတွက် အလှူငွေများကို ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ အဖွဲ့မှသိရသည်။
အဓိက မရှိနွမ်းပါးတဲ့သူတွေရယ်၊ နာမကျန်းဖြစ်တဲ့သူတွေနဲ့ သက်ကြီးဘိုးဘွားတွေကို ကူညီ ထောက်ပံ့ပေး နိုင်ဖို့ဆိုပြီးတော့ သက်ကြီးဘိုးဘွားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို တော်လတဲ့ ကျေးရွာမှာ ဖွဲ့လိုက်တာပေါ့ အခု ပထမဦးဆုံးအနေနဲ့ အသက်(၈၀)နှစ်အထက်သက်ကြီးဘိုးဘွားတွေ ရယ်၊ နာမကျန်းဖြစ် တဲ့သူတွေကို စတင်ပြီးတော့ထောက်ပံ့ကူညီပေးနေပါတယ်ဟု သက်ကြီးဘိုးဘွားများ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူဦးအောင်ကျော်မိုးကပြောသည်။
ထောက်ပံ့ကူညီမှုများပေးရာတွင်လည်း စက်တင်ဘာလ(၈)ရက်နေ့က တော်လတဲ့ကျေးရွာအုပ်စု အတွင်းရှိ အသက်(၈၀)နှစ်အထက် သံဃာတော်(၂)ပါး၊ အဘိုးအဘွား(၁၉)ဦးနှင့် နာမကျန်းဖြစ်သူ(၁)ဦး စုစုပေါင်း(၂၂)ဦးတို့အား တစ်ဦးလျှင် အလှူငွေကျပ်(၂)သောင်းကို ကျေးရွာသက်ကြီးဘိုးဘွားများကူညီ စောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်းသိရ သည်။
ဇင်မင်းထိုက်(ထန်းတပင်)