ပျော်ဘွယ် စက်တင်ဘာ ၁၂
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများ စုပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင် က မိမိတို့ဝန်ထမ်းများ အနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ စာပေကိုအမြဲမပြတ်ဖတ်ရှု လေ့လာ နိုင်ရေးလိုအပ်ပါကြောင်း၊ ယခုပြုလုပ်သည့် စာဖတ်ဝိုင်းသည် မိမိတို့ဌာနအနေဖြင့် ပြည်သူများသိရှိစေရန်ဆောင်ရွက် နေသည့် အသိပညာပေးလုပ်ငန်းတစ်ခုတွင်ပါဝင်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ရုံးဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက်(၄)ချက်နှင့် လူကုန်ကူးအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ် ခေါင်းစဉ်ဖြင့် ရေးသားထားသောဆောင်းပါးအား ဖတ်ရှုကာ ဝန်ထမ်းအချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)