နယ်ရုံးများ၏သတင်းများ

Jun 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jun 17,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပခဲ့သည်။
Jun 17,2021
ပြည်သူများ  စာဖတ်သည့်အလေ့အကျင့်များရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စဉ်းစားဆင်ခြင်နိုင်သည့် အတွေးအ‌ခေါ်များ ရှိလာ‌စေရန် ရည်ရွယ်၍ ‌ ‌ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Jun 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင်  ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာပေအသိပညာဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၇ နာရီအချိန်က လူစည်ကားရာ နေရာများ၌ Mask ဖြန့်ဝေခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းက မြို့ကြီး(၂၀) ရပ်ကွက်၊ သီတာ လမ်း၊ ညောင်ပင်လေးစျေးရှေ့ တို့၌ ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန် များအား နှိုးဆော်အသိပေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 08,2021
ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်း စွမ်းဆောင် ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံး လူထုအ​ခြေပြုဗဟို ဌာန Community Center ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jun 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် မိုးရာသီကာလ၌ ပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် လူထုဖြန့်သီးပင်စားပင်၊ သစ်တောသစ်ပင်၊ နှစ်ရှည်ပင်နှင့် ဗာတီဗာမြက်စသည့် ပျိုးပင်ပေါင်း ၇ သောင်းကျော် ပျိုးထောင်ပေးထားလျက် ရှိသည်။