ကျောက်တံတားမြို့နယ်၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြား

ကျောက်တံတား၊ နိုဝင်ဘာလ ၁ ရက်

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာ ကျောင်းများကို ၂၀၂၁-၂၀၂၂ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီးဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း  ကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်း (၅)ကျောင်းရှိ ပြီးကျောင်းအပ်နှံထားသူအားလုံး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းတက်လာသူကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာဆရာ/ဆရာမများမှ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများတပ်ဆင်‌ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေစေ၍ သင်ခန်းစာများပို့ချပေးလျက်ရှိပြီး ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)