နယ်ရုံးများ၏သတင်းများ

Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ် ရန်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိ ပညာပေး Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၈) နာရီအချိန်က ဝေါမြို့၊ ရန်ကုန်- မော်လမြိုင်လမ်းမကြီးဘေး ဘူတာလမ်းဆုံ၌ စျေးသွား၊ စျေးဝယ်သူ များနှင့် ခရီးသွားပြည်သူများအား (Mask) များ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ယနေ့ နေ့လယ် (၁၂)နာရီအချိန်က "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်" အသိပညာပေး Talk Show ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jun 26,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှိးမြို့နယ် နမိယူပီအုပ်စု နမိယူပီရွာမ တောင်သူ အဘ ဦးမောင်ကျော်(၁)၏ လယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာမှ ဧည့်မထ စပါးပျိုးအုပ်စု တွင် ပါဝင်သည့် ထိုင်းနှံကောက်စပါးမျိုးအား ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က သွားရောက် စမ်းသပ်စိုက်ပျိုးခဲ့သည်။
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Jun 25,2021
“အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်းကို သိရှိနား လည်စေရန်နှင့် မူးယစ်ဆေးဝါးကို အသုံးမပြုမိအောင် သတိပြုရှောင်ကြဉ်ကြ နိုင်စေရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေ ထားသည့် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်း ကျောင်းသို့ သွားရောက်ကာ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မကြီးပင်အုပ်စု၊ ပေါက်တန်း(အထက်စု) ကျေးရွာနေ စိုက်ပျိုးရေးပစ္စည်းရောင်းချသူတစ်ဦးသည် အနံ့မရသဖြင့် ယမန်နေ့ နံနက်ပိုင်းက ပေါင်းတည် ပြည်သူ့ဆေးရုံသို့လာရောက်ပြသခဲ့သည်။
Jun 25,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး ရှောင်ရှားနိုင်စေရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများအ‌ကြောင်းကို အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့ နံနက်(၈)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုံးခွမြို့နယ် ရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ ပြည်သူများနှင့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် အခမဲ့သွားရောက်ဖြန့်ဝေ ပေးခဲ့ သည်။
Jun 25,2021
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ယနေ့ နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း တွင် ပြသထားကြောင်း သိရသည်။