ဇီးကုန်း နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်း(၁၀၄)ကျောင်းတို့၌ ယနေ့နံနက်မှစတင်ပြီး ကျောင်းများဖွင့်လှစ်၍ ကျောင်းသူ/ကျောင်းသားများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာလ(၁)ရက်နေ့တွင် ဇီးကုန်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်း အခြေခံပညာကျောင်း (၁၀၄)ကျောင်းလုံး စတင်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိရာ ဇီးကုန်းမြို့နယ်တွင် အ.ထ.က(၅)ကျောင်း၊ အ.ထ.က-ခွဲ (၁)ကျောင်း၊ အ.လ.က(၉)ကျောင်း၊ အ.လ.က-ခွဲ(၆)ကျောင်း၊ မူ/လွန်(၇)ကျောင်း၊ အ.မ.က(၇၆)ကျောင်း စုစုပါင်း(၁၀၄)ကျောင်းရှိပြီး၊ ဆရာ/ဆရာမ (၆၈၅) ဦးဖြင့် သင်ကြား ပေးလျက်ရှိကြောင်းနှင့် ကျောင်းသားဦးရေ (၈,၉၈၈)ရှိသည့်အနက် (၃,၇၆၃)တက်ရောက် ပညာသင်ကြားနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဦးတင့်ဆွေ(ဓာတ်ပုံကျွမ်းကျင်-၂)