ဒဂုံ နိုဝင်ဘာ ၁ ရက်
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် စာသင်ကျောင်းများ ခေတ္တပိတ်ထားခဲ့ရာ ယနေ့တွင် အခြေခံပညာကျောင်းများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ဖွင့်လှစ်ခဲ့ရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းများတွင် လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ ကျောင်းသား/ကျောင်းသူများအား စနစ်တကျလက်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာ ခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ စာသင်ခန်းအတွင်း၌လည်း တစ်ဦးနှင့်တစ်ဦး ၆ ပေခြားစီသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပညာ သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ဒဂုံမြို့နယ်တွင် အခြေခံပညာကျောင်းများဖြစ်သည့် အ.ထက(၃)ကျောင်း၊ အ.လ.က(၃)ကျောင်း၊ အ.မ.က(၄)ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ စုစုပေါင်း(၁၁)ကျောင်းရှိပြီး အဆိုပါကျောင်းများအားလုံးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဒဂုံမြို့နယ်(ပြန်/ဆက်)