နယ်ရုံးများ၏သတင်းများ

Apr 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုးသော တောင်သူများအနေဖြင့် ထွက်နှုန်းကောင်းပြီး ယခုအခါ နေကြာဆီဈေးကောင်းသဖြင့် နေကြာစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Mar 25,2021
မြန်မာ-မဟာမဲခေါင်ဒေသခွဲ စင်္ကြံလမ်းတစ်လျှောက်ရှိမြို့များ ဖွံဖြိုးတိုးတက်ရေး တတိယအကြိမ်မြောက် စီမံကိန်းအနေဖြင့် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ADB ချေးငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရန်လျာထားမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြခဲ့သည်။
Mar 17,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာများမှ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် ဓနုတ်စံပြကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Mar 17,2021
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ကုတင်(၅၀)ပြည်သူ့ဆေးရုံ၌ မတ်လ ၁၆ ရက်နေ့ နံနက် ၉နာရီအချိန်မှစတင်ကာ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ တော်များ၊ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ ပေးသည်။
Mar 17,2021
ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၂၁ ခုနှစ် ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက် ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Feb 05,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏အစီအစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီခွဲက အိုးဘိုရပ်ကွက် ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် တောင်ဖီလာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ၁၅၅ ပါးအား နေ့ဆွမ်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 29,2021
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေး အတွက် ကြီးကြပ် ဆောင်ရွက်ရန် ကြီးကြပ်ရေး အဖွဲ့ဝင်(၅) ဦးရွေးချယ်ခြင်းလုပ်ငန်းကို သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများ အလိုက် ရွေးချယ်ဆောင်ရွက်လျက်ရှိရာ မြဝတီရပ်ကွက်အတွက် ကြီးကြပ်ရေး အဖွဲ့ဝင် (၅)ဦး ရွေးချယ်ခြင်းကို ဇန်နဝါရီ ၂၈ရက် မွန်းလွဲ ၂ နာရီခွဲက အဆိုပါရပ်ကွက် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းဓမ္မာရုံတွင် ကျင်းပ သည်။
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ကြံခင်းမြို့တွင် ပြည်သူများ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးဖောင်ဒေးရှင်းနှင့် မြတ်ဒါန ပရဟိတအဖွဲ့မှ ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့သို့ အလှူငွေပေးအပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။