နယ်ရုံးများ၏သတင်းများ

Oct 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၁၈၈) ဦးအား ယနေ့ နံနက် (၉) နာရီတွင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ ဓိစေတီတော်မြတ်ကြီးဝန်းအတွင်း ဓမ္မာရုံ၌ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲ သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီအချိန်တွင် အ.ထ.က ပြင်စလူကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 28,2020
ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်​မည့် အထူးရဲသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အထူးရဲသင်တန်းဖွင့်လှစ်သည့် နေရာအသီးသီး၌ ပေးအပ်ခဲ့သည်။
Oct 28,2020
ဟင်္သာတမြို့နယ်တွင် ဖွင့်လှစ်ရောင်း ချလျက်ရှိသည့် ဈေးကြီးများနှင့် ပျံကျဈေးများတွင် သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ရောင်းချ ခြင်းရှိ/မရှိကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီအဖွဲ့များနှင့် စည် ပင်သာယာရေး ကော်မတီအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက ယနေ့ နံနက် ၁၀ နာရီတွင် လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 28,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ယမန်နေ့ နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ကာလအတွင်း လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ဆိုင်ထိုင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
Oct 27,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ နောက်ဆုံးကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အမျိုးသမီးသည် ယနေ့ နံနက်ပိုင်းတွင် ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ခရိုင်ဆေးရုံအုပ်ကြီးလာမာမီးက အတည်ပြု ပြောကြား သည်။
Oct 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အား မဲရုံသုံးစ္စည်းများကို အောက်တိုဘာလ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့တို့တွင် နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။