နယ်ရုံးများ၏သတင်းများ

Jan 26,2021
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရ သည်။
Jan 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူများထံသို့ ထောက်ပံ့ ပေးခဲ့သည့် ငါးသားပေါက်များ၏ ဖွံ့ဖြိုးကြီးထွားမှုကို ယနေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 20,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် (Mask Campaign) လှုပ်ရှားမှုလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မတူပီမြို့ ရှစ်လမ်းဆုံမှ စန်ဘောင်လမ်းဆုံအထိ တစ်အိမ်တက်ဆင်း အသိပညာ ပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 20,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေး ဌာနတို့ ပူပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Jan 20,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ ကောင်ရာရပ်ကွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့၌ ယမန်နေ့တွင် ခွေးရူး ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Jan 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စာကြည့်တိုက်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
Jan 12,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ နတ်ခုတ်-ဗူးတောင်း လမ်းပေါ်ရှိ ကံ့ကော်ချောင်းတွင် အရှည်ပေ(၄ဝ)၊ အကျယ်(၁၄)ပေရှိ သံကူကွန်ကရစ်တံတား (၁)စင်းတည်ဆောက်မည့်နေရာအား ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးစိုးနိုင်နှင့်အဖွဲ့က ယမန်နေ့ နံနက်(၇)နာရီ၌ ပန္နက်ရိုက်ခဲ့ပြီး တံတားစတင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Jan 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ များအား သင်တန်းဖွင့်လှစ်ပို့ချ‌ဆွေးနွေးခြင်းကို ယ‌နေ့ နံနက် ၁၀ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သင်တန်း ဖွင့်လှစ်ပို့ချ ပေးခဲ့ကြောင်းသိရသည်။