နယ်ရုံးများ၏သတင်းများ

Sep 20,2021
          ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် နှင့် ဓါတ်ပုံပြသဆောင်ရွက်သည်။
Sep 20,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံ အလုပ်သမားများအား (ဒုတိယအကြိမ်)ထိုးနှံခြင်းနှင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အလုပ် ဌာနများမှ အလုပ်သမားများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အောင်ပန်းဘူတာခန်းမ၊ ဟင်းခွတ်အိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်း၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးက “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့၊ နံနက် ၉ နာရီက သပြေကန်ကျေးရွာအတွင်းရှိ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ဘူးခြင်း မရှိသေးသူများကို မြို့နယ်
Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသိပညာပေး လုပ်ငန်းများကို ပြည်သူများ Online မှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန်၊ ကျောင်းသားသူငယ်များ စာပေဗဟုသုတ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ Online အသိပညာပေးအစီအစဉ်များကို ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ နေ့လယ်အချိန်က အသက် (၅၅)နှစ်နှင့် (၆၄)နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကိုလှည့်လည် နှိုးဆော်ကြေညာခဲ့သည်။
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို ဉီးစားပေးအုပ်စုတွင် ပါဝင်သူ (ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံပြီးသူများအား (ဒုတိယအကြိမ်) ပြန်လည်ထိုးနှံပေးခြင်းကို သတ်မှတ် ထားသော စုရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိသည်။
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ (၂၁)ဦး ထပ်မံဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။