နယ်ရုံးများ၏သတင်းများ

Apr 25,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ပံသုကျီခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကဆုန် လပြည့် ဗုဒ္ဓနေ့အကြောင်း စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
Apr 25,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (အိုဇုန်းလွှာကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ) အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့မွန်းလွဲ(၁)နာရီတွင် မန္တလေး ခရိုင်လူထုအခြေပြု ဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေး ဆရာအသင်း၊ Book Club တို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ပန်းချီသင်တန်းကို ယနေ့နံနက် ၉နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
Apr 25,2022
ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် လွှင့်တင်အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီအချိန်က လျှပ်စစ်ဓာတ် အားနှင့်ရေကို ခြိုးခြံချွေတာသုံးစွဲနိုင်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 25,2022
ကျောင်းသားလူငယ်များအနေဖြင့် ကွန်ပျူတာအား အခြေခံမှစတင်၍ ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင် လူထု အခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Apr 25,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ထန်းတပင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စွာ ပြုစုနိုင်ရေး၊ ကိုင်ဆောင်လက်မှတ် နံပါတ်များ မှန်ကန်မှုရှိစေရေးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ နိုင်(၄) ရိုက်သွင်းခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက် အလက် နိုင်(၄) မှတ်တမ်းများအား
Apr 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေ မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်( ၁၀:၀၀ )နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင်စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့ သည်။