နယ်ရုံးများ၏သတင်းများ

Apr 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ "ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲကို ဧပြီလ ၂၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါရုံး Community Centre ခန်းမ၌ ကျင်းပသည်။
Apr 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်  ရည်ရွယ်၍ လူစည်ကားသည့်‌နေရာများ၊ လမ်းဆုံလမ်းကွများ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်  ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ကရဲထော် ကျေးရွာ၌ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိုဗစ်-၁၉‌ ရောဂါ လမ်းညွှန်ချက်များအား မိဘပြည်သူများ သိရှိစေရန်အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့်    အသိ‌ပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
Apr 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာများအတွင်း  ကိုဗစ်-၁၉ရောဂါ  လျော့နည်းကျဆင်းစေရေးနှင့်    ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ယနေ့  နံနက် (၁၀)နာရီက    စဉ့်ကိုင် ပြည်သူ့ဆေးရုံ၌  (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose)များ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါ(Booster Dose )ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊  ပလိပ်တိုက်နယ်ဆေးရုံ တွင် ဒေါက်တာသက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး)၊ ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး) တို့ကဦးဆောင်၍ ကျန်းမာရေး ၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ ၀န်ထမ်းများ၊ ပညာရေးဌာနမှ၀န်ထမ်းများ၊ မီးသတ် တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီ သူနာ ပြုတပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်းအဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ   ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 25,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ကျင်းပပြုလုပ် သည်။
Apr 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့တက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Online မှတစ်ဆင့် လူငယ်များကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားလှုပ်ရှားမှု အစီအစဉ်အဖြစ် အားကစားအကများကို အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် ပူးပေါင်း၍ Online မှထုတ်လွှင့်ရန် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
Apr 25,2022
ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို
Apr 25,2022
ကလေးများ ကာယ၊ဥာဏစွမ်းရည်များ တိုးတက်လာစေမည့် စာပေဖတ်ရှုလေ့လာရန်၊ ဆွေးနွေးပြောဆိုတတ်ရန် အားကစားလေ့လာ လိုက်စားလာစေရန်၊ အသင်းအဖွဲနှင့် ပူးပေါင်း ဆောင်ရွက်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဖြတ်ထိုးဉာဏ် ကောင်းမွန်စေရန်တို့အတွက် ရည်ရွယ် ဧပြီ ၂၃ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြသည်။
Apr 25,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသော ကလေးငယ်များနှင့်ပူးပေါင်း၍ ဇာတ်ညွှန်းဒီဇင်ဘာမွန်းမှ ရေးသားပြုစုသည့် ကလေးတို့အတွက် စကားပုံစာအုပ်ဖြင့် စာဖတ်ဝိုင်းကို  ယမန်နေ့ ညနေပိုင်း (၂)နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။