Apr 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှမ်းဈေးကောင်းမွန်လာသဖြင့် နှမ်းစိုက် တောင်သူ များ အဆင်ပြေလျက်ရှိကြောင်းနှင့် နှမ်းသီးနှံစိုက်ပျိုးရာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက အပင်သားခွဲရာတွင်လွယ်ကူခြင်း၊ ပေါင်းရှင်းရာတွင် ကုန်ကျစရိတ်သက်သာခြင်း၊ အပင်ဖြစ်ထွန်းမှု ကောင်းမွန်ခြင်းများကြောင့် တစ်ဧကအထွက်နှုန်းလည်းပိုကြောင်း သိရသည်။