နယ်ရုံးများ၏သတင်းများ

Apr 26,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့ အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က စတင် ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Apr 26,2022
သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေး ဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် "လူငယ်လမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ ကျက်သရေဆောင် လေးမျက်နှာစေတီတော်မြတ်ကြီး (၁၃) ကြိမ်မြောက် အသံမစဲမဟာပဌာန်း ဒေသနာတော်ရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၆ နာရီက လေးမျက်နှာစေတီတော် ဂန္ဓကုဋီတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 26,2022
မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ်သန်း ခြောက်ဆယ်ကျော်ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာတွင် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
Apr 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအား အကျိုးပြုမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာများတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Apr 26,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် အခြေခံစာရေး (ရုံးလုပ်ငန်း)  သင်တန်းအမှတ်စဉ်(၁၁/၂၀၂၂)နှင့် စာတိုက်စစ်ဆေးရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၂)တို့၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါ သင်တန်း ကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
Apr 26,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် အသက်(၄၀)နှစ်နှင့် အထက် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို (တတိယအကြိမ်) Booster  ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ မဉ္ဇူသက ပြည်သူ့ ခန်းမ၌ ယနေ့ နံနက်ပိုင်းက  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ထိုးနှံရန်မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅) လမ်းထိပ်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်‌‌ရေးမှူး ရုံးဟောင်းရှေ့ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်း၍ အသက်၁၈ နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးရာ Astrazeneca ထိုးနှံသူ (၂၅) ဦး၊ Covidshield ထိုးနှံသူ (၅၉ ) ဦး၊ Booster Dose ထိုးနှံသူ (၉၈) ဦး စုစုပေါင်း (၁၈၂) ဦးအား ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။