Apr 24,2022
မန္တလေး၊အောင် မြေသာစံမြို့နယ်၊ အိုးဘိုရွှေ ကျင်ရပ်ကွက်ရှိ မန္တလေးဗဟိုအကျဉ်းထောင် ဓမ္မာရုံ၌ ယနေ့နံနက်(၉)နာရီက မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးချိုဝင်းထွန်း၏ လမ်းညွှန်မှုဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြပွဲအခမ်းအနားကျင်းပပြုလုပ်ရာ မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးချွန်၊ ဒုတိယထောင်တာဝန်ခံ အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်သူ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်ခိုင်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးစိုးသူရိန်ဖြိုးနှင့် သန္ဓေမီး သတ်တပ်ဖွဲ့ ဝင်များ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်ခဲ့သည်။