နယ်ရုံးများ၏သတင်းများ

Apr 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ စိန်ပန်းကျောင်းတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံ ရသေးသူများအား ပထမအကြိမ် (sinovac) ထိုးနှံ သူစုစုပေါင်း (၄၀)ဦး၊ (Astrazeneca) ထိုးနှံသူစုစုပေါင်း (၇၅) ဦး၊ ဒုတိယအကြိမ် (covidshield) ထိုးနှံသူစုစုပေါင်း (၃၆၃) ဦးနှင့် (Boster Dose) ထိုးနှံသူစုစုပေါင်း (၂၅) ဦး ရှိကြောင်း သိရသည်။
Apr 25,2022
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့်
Apr 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊​ မေတ္တာမြို့ အတွင်းရှိ (၂၀၂၁-၂၀၂၂) ၊ ပညာသင်နှစ် အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့ နံနက် ၆ နာရီ အချိန်မှစ၍ ယနေ့ နံနက် ၆ နာရီအချိန်တွင် သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း၏ ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေညာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်း သူ/ သားများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Apr 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 25,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရမည်းသင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Myanmar  Fitness Dance အကသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရမည်းသင်းခရိုင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 25,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးအရ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့် ပြည်သူများ အမှန်တကယ် လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှစတင်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူး မြို့နယ်မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများ အားဈေးနှုန်းသက်သာစွာဖြင့် လာ‌ရောက် ရောင်းချပေးနေကြောင်းသိရသည်။
Apr 25,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ (၂၀၂၁-၂၀၂၂) ၊ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက် ၆ နာရီအချိန်မှစ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် အောင်စာရင်း ထုတ်ပြန်၍ ကျောင်း၏ကြေညာသင်ပုန်းတွင် ကပ်ထားကြညာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်းသူ/သားများ လာရောက်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။
Apr 25,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ပံသုကျီခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကဆုန် လပြည့် ဗုဒ္ဓနေ့အကြောင်း စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။