ထန်းတပင်(ပဲခူး) ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ထန်းတပင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စွာ ပြုစုနိုင်ရေး၊ ကိုင်ဆောင်လက်မှတ် နံပါတ်များ မှန်ကန်မှုရှိစေရေးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ နိုင်(၄) ရိုက်သွင်းခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက် အလက် နိုင်(၄) မှတ်တမ်းများအား Computer Software Program အသုံးပြု၍ စာရင်းရေးသွင်းခြင်းအား ထန်းတပင်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဧပြီလ(၃) ရက်နေ့မှစတင်၍ ဌာနဆိုင်ရာများ၏ အကူအညီဖြင့် မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
ထန်းတပင်မြို့နယ်အတွင်း e-ID စနစ်ဖြင့် နိုင်(၄)မှတ်တမ်း စာရင်းရေးသွင်းရန် လူဦးရေ (၁၃၉၀၃၄) ဦးအား ရက်ပေါင်း (၃၀) အတွင်း ပြီးပြတ်အောင် မှတ်တမ်းထည့်သွင်း ဆောင်ရွက်နိုင်ရေးအတွက် လျာထားလျက်ရှိပြီး မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ တာဝန်ရှိသူ (၆) ဦးမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကွန်ပျူတာ (၁၆) လုံးဖြင့် မှတ်တမ်းရေးသွင်းခဲ့ရာဧပြီ (၂၄) ရက်နေ့ အထိလူဦးရေ (၁၁၄၂၀၀) ထိရေးသွင်းနိုင်ခဲ့ပြီး ပြီးစီးမှုရာခိုင်နှုန်းမှာ (၈၂) ရာခိုင်နှုန်းအထိ မှတ်တမ်းရေးသွင်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စနစ်ဖြင့် မှတ်တမ်းရေးသွင်းခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်၀င်းတို့က ဦးဆောင်၍ ထန်းတပင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)