ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကွန်ပျူတာအခြေခံ သင်တန်းဖွင့်လှစ်

ထားဝယ်  ဧပြီ  ၂၅

ကျောင်းသားလူငယ်များအနေဖြင့် ကွန်ပျူတာအား အခြေခံမှစတင်၍ ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင် လူထု အခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ထားဝယ်ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက နွေရာသီကျောင်းပိတ် အားလပ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူလူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာစေရန်၊ မျိုးဆက်သစ် လူရည်ချွန်များထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းမှတ်ဉာဏ် အားကောင်းလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့် လှစ်ရခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာပညာရပ်သည် ကမ္ဘာပေါ်တွင် အလေးပေး သင်ကြားနေရသော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ကွန်ပျူတာတတ်မြောက်ကျွမ်းကျင်မှုသည် ယနေ့အချိန်အခါတွင် မရှိမဖြစ် လိုအပ်နေပြီးဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကွန်ပျူတာတတ်မြောက်ထားရန် လိုအပ်ကြောင်း၊ ယနေ့ခေတ် အလုပ်ခေါ်ဆိုမှုများတွင် ကွန်ပျူတာအခြေခံအားကျွမ်းကျင်စွာ တတ်မြောက်ထားသူနှင့် မတတ်သူ၏ အခွင့်အလမ်းသည် များစွာကွာခြားလှကြောင်း၊ မြန်မာနိုင်ငံသည် E-Government စနစ်သို့ပြောင်းလဲနေသည့် အချိန်တွင်လူတိုင်းအတွက် အခြေခံကွန်ပျူ တာအရည်အချင်းများကို တတ်ထားရန်မှာ အရေးပါသောအခန်းကဏ္ဍတွင် ပါ၀င်နေကြောင်းပြော ကြားသည်။

သင်တန်းတွင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်မာဖြူ က Computer Typing Mouse Skill English & Myanmar Typing လက်ကွက်ကျွမ်းကျင်မှု SkillAbout Computer SystemMicrosoft Word  စသည့်ဘာသာရပ်များကို ဧပြီ(၂၉)ရက်နေ့ထိ ကျောင်းသားလူငယ်(၂၀)ဦးအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)