Apr 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း မြို့အတွင်းရှိ ကျောင်း သားကျောင်းသူလူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ တစ်ဖက်တစ်လမ်းမှမိသားစု အပိုဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ဒေသနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှု လုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့် လက်ကိုင် အိတ်ထိုးနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့သည်။