မန္တလေး ဧပြီ ၂၅
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (အိုဇုန်းလွှာကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ) အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့မွန်းလွဲ(၁)နာရီတွင် မန္တလေး ခရိုင်လူထုအခြေပြု ဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန္တာနွယ်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အိုဇုန်းလွှာ ထိခိုက်ပျက်စီးမှု အကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးနှင့် ကမ္ဘာကြီးပူနွေးမှု လျော့ချရေးအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများအား လျော့ချ ရပ်ဆိုင်းမှုအခြေအနေ၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်း အမိန့်(Ozone Order)အကြောင်း၊ အိုဇုန်းလွှာ ပျက်စီးခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း၏ ဆက်နွယ်ချက်များ၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ အိုဇုန်းလွှာကို ထိခိုက်မှုမရှိစေသည့် အအေးပေး ဒြပ်ပစ္စည်းများကို သုံးစွဲကြရန် စသည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)