ဗိုလ်တထောင် ဧပြီ ၂၅
ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် လွှင့်တင်အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီအချိန်က လျှပ်စစ်ဓာတ် အားနှင့်ရေကို ခြိုးခြံချွေတာသုံးစွဲနိုင်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သိန်းသိန်းယဉ်က Talk Show ဆောင်ရွက် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဗိုလ်တထောင်မြို့နယ်စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်နေရးမှူး-ဦးအောင်ကျော်လွင်မှ ပြည်သူများအနေဖြင့် ရေခြိုးခြုံချွေတာသုံးစွဲခြင်း ဆိုင်ရာနည်းလမ်းများမှ ရေချိုးဆပ်ပြာတိုက်နေစဉ် ရေပန်းကိုဖွင့်မထားရန်၊မျက်နှာသစ် သွားတိုက်ပြုလုပ်သည့်အခါ ဘုံပိုင်ခေါင်းဖွင့်မထားဘဲ ရေခွက်ဖြင့်သာ အသုံးပြုသင့်ကြောင်း၊ ရေပိုက်ခေါင်းများကို လိုအပ်မှဖွင့်၍ မလိုအပ်လျှင် ပြန်ပိတ်ထားရန်၊ ရေများကိုသွန်ပြစ်ခြင်းမပြုပဲ သစ်ပင်ပန်းပင်များကို လောင်းရန်၊ ရေချွေတာခြင်းကို တက်နိုင်သူများက ပန်းကန်ဆေးစက်၊ အဝတ်လျှော်စက်များ ဝယ်ယူသုံးစွဲပါက အဆင်ပြေကြောင်း၊ ဗိုလ်တထောင်မြို့နယ်အနေဖြင့် ရပ်ကွက်နေပြည်သူများ ရေကိုစနစ်တကျ သုံးစွဲရန် ရေပိုက်များ ပေါက်ပြဲမှုရှိမရှိ၊ ကြပ်မတ်စစ်ဆေး အသိပညာပေးလျက်ရှိကြောင်း၊ ပြည်သူများကလည်း မိမိအသိစိတ်ဖြင့် ရေကိုချွေတာစွာ သုံးစွဲပါက ရေပြတ်လတ်မှု မဖြစ်ပေါ်နိုင်ကြောင်း အကျယ်တဝင့်ဆွေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)