ပုသိမ်ကြီးမြို့နယ်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပုသိမ်ကြီး ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ပံသုကျီခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကဆုန် လပြည့် ဗုဒ္ဓနေ့အကြောင်း စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းက ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊  ပြိုင်ပွဲတွင် အထက ပုသိမ်ကြီးမှ ကျောင်းသား/ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်း ထွန်းနှင့် ဝန်ထမ်းများ၊ ပုသိမ်ကြီး အထကမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ဇာနည်ကိုကို