တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

တောင်ဥက္ကလာပ ဧပြီ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊    ရန်ကုန်အရှေ့ပိုင်းခရိုင်၊    တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေ မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင်ဗဟုသုတများကို    အသုံးချ၍  တန်ဖိုးရှိသော လူမှု့ဘဝများ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(  ၁၀:၀၀ )နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင်စာဖတ်ဝိုင်း ကျင်းပ   ပြုလုပ်ခဲ့ သည်။

အဆိုပါ    စာဖတ်ဝိုင်းတွင်    ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊    မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏   ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး  စာရေးဆရာ မောင်မိုးယံရေးသားသော လူငယ်နှင့် ... (အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ) စာအုပ်အား ဆက်လက်ဖတ်ကြား ဆွေးနွေးခဲ့ရာ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များ၊Youth Club မှလူငယ်များနှင့်အတူ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း