လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုနှင့် ဆင်ဖုန်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

လှည်းကူး ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုနှင့် ဆင်ဖုန်ကျေးရွာအုပ်စုတို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ကို ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် သံဃာတော်များ၊ နို့တိုက်မိခင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စခန်းကြီးကျေးရွာအုပ်စုနှင့် ဆင်ဖုန်ကျေးရွာ အုပ်စုတို့တွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများကလည်း ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)