နောင်ချို ဧပြီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ပြည်သူ့စာကြည့်တိုက်သို့ စာပေဖတ်ရှုသူများ၊ ကလေးစာဖတ်ခန်း၌ ဆေးရောင် ခြယ်ခြင်းများ လာရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် စာပေဖတ်ရှုလေ့လာသူ သားငယ်၊ သမီးငယ်များကို ကလေးစာဖတ်ဝိုင်းများ၊ ပုံပြောပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက်ခြင်းများ စသည်ဖြင့် စိတ်ဝင် စားစရာအစီအစဉ်များ ပြုလုပ်ပေးပြီး ကလေများ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို လစဉ် ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ပြန်/ဆက်