နယ်ရုံးများ၏သတင်းများ

Apr 26,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile စနစ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လစာများကို ဧပြီ(၂၁)ရက်​နေ့မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်း စားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Apr 26,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ မြသရဖူခန်းမ၌ ကျင်းပခဲ့သည်။
Apr 26,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Apr 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေ‌ရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပန်းအလှထိုးနည်းသင်တန်းကို ယမန့်နေ့ မွန်းလွဲ(၁) နာရီအချိန်က မြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရ သည်။
Apr 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် အိုမီခရွန်(Omicron) ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။  
Apr 26,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၁)ရပ်ကွက်တွင် နေထိုင်နေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေ ရေးအတွက် အသိ ပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Apr 26,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုစိတ် တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်ပြ ပွဲကို ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။