ထန်းတပင်(ပဲခူး) ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်များ၏ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် နွေရာသီကာလ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ အထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း ရှေးဦးသူနာပြုစုနည်း သင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း အတွင်း ရေးမှူး ဦးအေးလွင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းကို မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှေးဦးသူနာ ပြုစုနည်းများကို စာတွေ့လက်တွေ့ သင်ကြား ပေးသွားမှာဖြစ်ပြီး သင်တန်းကာလမှာဧပြီ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ (၃)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းသား/ သင်တန်းသူ (၃၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)