နယ်ရုံးများ၏သတင်းများ

Apr 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများတွင် ဆောင်းကြက်သွန်များ စတင်နုတ်သိမ်းနေပြီးအထွက် နှုန်းကောင်းသော်လည်း ကြက်သွန်တစ်ပိဿာ ၅၀၀ ကျပ်ဈေးသာ ရောင်းချနေရကြောင်း မုန့်ကုန်း ကျေးရွာ ဆောင်းကြက်သွန် စိုက်ပျိုးတောင်သူ ဦးနေမျိုးထွန်းထံမှ သိရသည်။
Apr 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်းအစီအစဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက အဖွင့်အမှာစကား ပြောကြား သည်။
Apr 26,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊  ဒေါ်ဖီဓမ္မာရုံတွင် အသက်(၁၈) အထက်ပြည်သူ ၉၁ ၃ ဦး၊ ဒေါနဘွားရပ်ကွက်ရှိ မုန်တိုင်းဓမ္မာရုံတွင် ၆၂၇ ဦး၊ ပြည်ကြီးရန်လုံ ရပ်ကွက်ရှိ ကိုးခန်းဓမ္မာရုံတွင် ၁၅၁၈ ဦး၊ ပြည်ကြီးကျက်ရေ အနောက်ရပ်ကွက်ရှိ ရွှေကျီးနား ဓမ္မာရုံတွင် ၁၁၀၀ ဦး၊  ထားဝယ်ဓမ္မာရုံတွင် ၂၉၇ ဦး၊ စုစုပေါင်း ၄၄၅၅ ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Apr 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်‌မြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ အဖြစ် အခြေခံပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၁၁)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ community center ခန်းမ၌ ပြုလုပ်သည်။
Apr 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် women clubတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်၉နာရီအချိန်က မိန်းမ၀တ် အင်္ကျီညှပ်နည်း သင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ် များနှင့် စာပေဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Apr 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ် များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။