မိုင်းခုတ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် လွှင့်တင်ဆောင်ရွက်ပေး

မိုင်းခုတ် ဧပြီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသိပညာပေးအစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေ ရန်၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်အတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းစသည့် အသိပညာပေးအစီအစဉ်များအပြင် စာဖတ်ပရိတ်သတ် များအတွက် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များကိုလည်း ရိုက်ကူးတင်ဆက်ပေးလျက်ရှိသည်။

ထိုသို့ ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့တွင် စာကြည့်တိုက်တာဝန်ခံ ဒေါ်ဇင်မီမီထွန်းက စာဖတ် ပရိတ်သတ်များအတွက် စာရေးဆရာဖေမြင့်၏ “ကိုယ့်ထူးကိုယ့်ချွန်သမားအတွက် လက်စွဲစကား များ” စာအုပ်၊ စာရေးဆရာမိုးရှင်း(IMT)၏ “သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့” စာအုပ်နှင့် စာရေးဆရာ ကလောင် စုံ၏ “လူဆိုသည်မှာ(လူငယ်အကျိုးပြုစာပေစုစည်းမှု)”စာအုပ်တို့ကို မိတ်ဆက်ရိုက်ကူးကာ မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)