သံတောင်ကြီး ဧပြီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်တွင် Book Club / Youth Club အဖွဲ့ဝင်များက စာရေးဆရာကောင်းမြတ်၏ “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး နော်နီလာအေးက စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး Youth Club အဖွဲ့ဝင် နော်အယ်ဂေ ကစာရေးဆရာကောင်းမြတ်၏ “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်ပါ ခေါင်းစဉ်ငယ်များ ဖြစ်သည့် “ရန်လိုတတ်တဲ့ကလေး”၊ “အများအာရုံစိုက်မှုခံလိုတဲ့ ကလေး”၊ “အိပ်ရာဝင်ခိုင်းရခက်တဲ့ကလေး”၊ “စည်းကမ်းမလိုက်တတ်တဲ့ကလေး”၊ “ဒေါသကြီးတဲ့ ကလေး”၊ “ဂနာမငြိမ်တဲ့ကလေး” စသည့်အကြောင်းအရာများကို ဖတ်ကြား ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဒေါ်အေးခိုင်(Book Club)အဖွဲ့ဝင်က “ကပျစ်ကညစ်နေတတ်တဲ့ကလေး”၊ “လိမ်ပြော တတ်တဲ့ကလေး”၊ “မှီခိုလွန်စိတ်များသည့်ကလေး”၊ “မိဘအနားအမြဲကပ်နေတဲ့ကလေး”၊ “လေ့လာ သင်ယူ မှုအားနည်းတဲ့ကလေး”၊ “ရှက်တတ်ကြောက်တတ်တဲ့ကလေ”၊ “အစားစားနှေးတဲ့ ကလေး၊ အစား အသောက်ကြေးများတဲ့ကလေး” စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာ ကောင်းမြတ်၏ “ပွင့်သောပန်းတိုင်းမွှေးစေလို”စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဖတ်ရှု ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ