၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန် ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်

သနပ်ပင် ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက် ကြီးကြပ် ၍  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက  မြို့ဝင်လမ်းမကြီးတစ်လျှောက်နှင့် မြို့ရှောင်လမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေး ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို စည်ပင်သာယာရေး အဖွဲ့ပိုင် စက်ယန္တယားများဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)