မိတ္ထီလာ ဧပြီ ၂၈
မိတ္ထီလာ၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း ဖွင့်လှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အမှာစကားပြောသည်။ ဆက်လက်၍ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ခရိုင်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောကြားပြီး သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ရှင်းလင်းပြောကြားသည်။ အဆိုပါ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းအား ဧပြီလ ၂၈ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ၃ ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသားသင်တန်းသူ ၃ဝ ဦး တက်ရောက်သည်။ သင်တန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြဋ္ဌာန်းထားသော သင်ရိုးညွှန်တမ်းများနှင့်အညီ ကြက်ခြေနီရှေးဦးပြုစုခြင်း သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ချမ်းသာ