ပိုင်ကျုံမြို့၌ ထီလုံ-တာပေါင်-နဘူး-ပတလမ်းပေါ်တွင် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ   ဧပြီ  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမို အဆင်ပြေလွယ် ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်- ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်တွင်  သံကူကွန်ကရစ်တံတား   တည်ဆောက်ခြင်းလုပ်ငန်းကို    ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်တွင်  စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ယခုအခါ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးဖြစ်ပါ‌ကြောင်း သိရသည်။

အဆိုပါ တံတားသည်   ပိုင်ကျုံမြို့မှကော့ကရိတ်မြို့နယ်အထိ   ဆက်သွယ်ထားလျက်ရှိရာ အရှည်(၁၈.၃ မီတာ ×အကျယ်၉.၅၈၂ မီတာ)ရှိပြီး၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း( ၄၄၀ )ဖြင့်  သံကူကွန်ကရစ်ယက်မ၊  ကြမ်းခင်း၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ တည်ဆောက်ခြင်းလုပ်ငန်းများကို တံတားအထူး အဖွဲ့ အမှတ်(၁၄)မှတာဝန်ရှိသူများတို့ကကြီးကြပ် တာ၀န်ယူဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ 

ယခုအခါ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ပါ၍ ခရီးသွားပြည်သူများနှင့် ဒေသနေပြည်သူများအနေဖြင့်   အန္တရာယ်ကင်းစွာ   သွားလာနိုင်သည့်အပြင်  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် ဥတုသုံးပါးစလုံး အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)