ပိုင်ကျုံ ဧပြီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကစိုကျေးရွာတွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်မှ ကြီးမှူးဖွင့်လှစ်သည့် နိုင်ငံတကာအဆင့်မှီ အရေးပေါ်အသက်ကယ် ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကစိုကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ မြို့နယ်မှ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသူ သင်တန်းသား လူငယ်မောင်မယ်များတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများတို့ အကြောင်းအမျိုးမျိုး ကြောင့် အရေးပေါ် ကယ်ဆယ်ရေး ကူညီဆောင်ရွက်ရန်လိုအပ်ပါက စနစ်တကျကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းတွင် ဆုရလူငယ်မောင်မယ် များအား တာဝန်ရှိသူများတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)