Apr 29,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မဟာအောင်မြေမြို့နယ်ရုံး စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးသည် ယနေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့နှင့် ကလေးစာအုပ်ထုတ်ဝေရေး ကော်မတီတို့ပူးပေါင်းထုတ်ဝေသည့် “မွှေးကြိုင်သောလေလည်နံ့” ခေါင်းစဉ်ဖြင့် ပုံပြောအစီအစဉ်ကို ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်ပြသပေးခဲ့ကြောင်း သိရသည်။