(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို‌ဂုဏ်ပြု‌သောအားဖြင့် သောက်သုံးရေလှူဒါန်း

ပေါင်  မေ 

သထုံခရိုင်၊ပေါင်မြို့နယ်၌ (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်သာက်သုံးရေ လှူဒါန်းမှုပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သောက်သုံးရေလှူဒါန်းရာတွင် သထုံခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးအောင်ကျင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးမြတ်ကိုကိုနှင့် တပ်ဖွဲ့၀င်များ၊အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖတို့က ပါ၀င်ကူညီဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အလှပ်ကျေးရွာအုပ်စုရှိ ရွာသစ်၊ ဇီးကုန်း၊ ဆယ်အိမ်စု၊ ခင်တန်း၊ အလှပ် အနောက်၊ အလှပ်တောင်၊ အလှပ်မြောက်၊ သပြေကုန်းကျေးရွာအုပ်စု ကားတဲကျေးရွာတို့တွင် မီးသတ် ယာဉ် ()စီးဖြင့် ရေဂါလံ (၁၀၄၀၀)ကိုလည်းကောင်း၊ ဘုန်းတော်ကြီး()ကျောင်းအား လီတာ(၂၀)ဗူး အလုံး(၁၀၀)အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့သည်။

ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိုက်ထွန်း၏ စီမံဦးဆောင်မှုဖြင့် ပေါင်မြို့နယ်အတွင်း မီးသတ် ဦးစီးဌာနမှ အပတ်စဉ် နွေရာသီ သောက်သုံးရေပေးဝေမှု ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ် ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစတင်ကာ ရပ်ကွက်နှင့်ကျေးရွာအချို့တို့ သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရာ မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်များဖြင့် အများသုံး ရေကန် များအတွင်း လိုက်လံ ဖြည့်ဆည်းပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များသို့ သွားရောက် ကာ ရေဖြန့်ဖြူးပေးခြင်း စသည့်  ပြည်သူ့အကျိုးပြု သောက်သုံးရေ လှူဒါန်းပေးဝေမှု လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း ကာ လိုက်လံ ဆောင်ရွက်ပေးနေလျက်ရှိပြီး ထိုသို့လှူဒါန်းပေးခြင်းကို အပတ်စဉ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)