သနပ်ပင်မြို့နယ်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့ကြဲပက်ပွဲကျင်းပ

သနပ်ပင် မေ

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့်ကြဲပက်ပွဲကို ယနေ့ နံနက်ပိုင်းက ဖရဲကျေးရွာတွင် ကျင်းပပြုလုပ်သည်။

သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ တောင်သူများသို့ လယ်မြေဧက ၂၅ ဧကအား ကြဲပက်စိုက်ပျိုးရန် မျိုးစေ့များ ပေးအပ်ခဲ့ပြီး အဆိုပါပေး အပ်ပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲ ရေးအဖွဲ့ဝင်များ၊ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

သနပ်ပင်မြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ဧက ၇၅ဧက စိုက်ပျိုးကြဲပက်ရန် လျာထားပြီး ယခုလက်ရှိအချိန်တွင် ၂၅ ဧက ကိုစံပြအဖြစ် ကြဲပက်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနထံမှသိရသည်။ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းကြောင့် တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေတွင်မြေဆီအာဟာရ တိုးတက်ခြင်း အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပြီး ဓာတ်မြေဩဇာ သုံးစွဲမှုကို လည်းလျော့ချ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)