ရွှေတောင် မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး အထူးသန့်ရှင်းရေးများ ပြုလုပ်

ရွှေတောင် မေ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီက ရွှေတောင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအထူး သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထူးသန့်ရှင်းရေးဆောင်ရွက်ပြုလုပ်ရာတွင် ရွှေတောင် မြို့ဝင်/ထွက်အနီး ၊ဆေးရုံလမ်း၊ ကင်ပွန်းခြုံလမ်းတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့် သရက် တောရပ်ကွက်တို့မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များစုပေါင်း၍ အထူးသန့်ရှင်းရေး ဆောင်ရွက် ပြုလုပ်ခဲ့ပြီး ထွက်ရှိအမှိုက်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်း ယာဉ် (၃)စီးဖြင့် ဆည်ကြီးကုန်းကျေးရွာအုပ်စုရှိ စည်ပင်သာယာအမှိုက်ကန်သို့ စနစ် တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)