ထားဝယ်မြို့တွင်(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ထားဝယ် မေ ၁

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီး ဌာနမှဦးစီး၍ မီးသတ်တပ်ဖွဲ့များနှင့်မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်း ပွဲကိုယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁၂) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ထို့နောက်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ များနှင့်မိသားစုဝင်များစုစုပေါင်း(၃၀)ဦးတို့၏ စုပေါင်းသွေး လှူဒါန်းနေ မှုကိုကြည်ရှုအားပေးပြီး သွေးလှူဒါန်းသူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)